Announcement of IGE’s share transfer of Future Creator Group Company Limited
28 March, 2022 by
Admin

Announcement of IGE’s share transfer of Future Creator Group Company Limited


                                                                                                   2022 March 28

To strengthen the country's infrastructure, increase access to energy, create a thriving business, and create jobs in Myanmar, Future Creator Group Company Limited has been working on local infrastructure with local and international partners since 2008 and more than 20 projects of building, road, and bridge projects have been implemented. We are also constantly reviewing technological developments in the infrastructure industry.

Based on the expansion and success of our business, Myanmar National Infrastructure Company Limited, which is formed by experienced technologists and professionals, has offered to buy shares. According to the discussions, considering various aspects such as business and technical skills, Financial and economic balance, and a competitive advantage in the field it was decided to sell a 100% share in Future Crater Group of Company Limited, owned by International Group of Entrepreneur Company Limited (“IGE”), to Myanmar National Infrastructure Company Limited. According to the procedures agreed by the two parties, the share transfer will be completed in 2022. Please be informed that it has been officially completed on March 28th.

 IGE

-----------------------------------------------------------------------

IGE ပိုင်ဆိုင်သော Future Crater Group of Company Limited ၏ အစုရှယ်ယာလွှဲပြောင်းရောင်းချခြင်း ကြေငြာချက်


၂၀၂၂ ခုနှစ်၊ မတ် (၂၈) ရက်

             နိုင်ငံ၏ အခြေခံအဆောက်အအုံများ ကြံ့ခံမှု့စွမ်းရည်ရှိစေရေး၊ စွမ်းအင် အရင်းအမြစ်များ တိုးမြှင့် သုံးစွဲနိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်စေရေးနှင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်စေရေး စသည့် ဦးတည်ချက်များဖြင့် Future Crater Group of Company Limited သည် ၂၀၀၈ ခုနှစ်မှ စတင်၍ Infrastructure လုပ်ငန်းများကို ပြည်တွင်းပြည်ပမိတ်ဖက် ကုမ္ပဏီများနှင့်ပူးပေါင်း၍ အဆောက်အအုံနှင့် လမ်းတံတား စီမံကိန်းပေါင်း        ၂၀ ကျော်ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ Infrastructure လုပ်ငန်းဆိုင်ရာ နည်းပညာ တိုးတက်ပြောင်းလဲမှုများကိုလည်း စဉ်ဆက်မပြတ် သုံးသပ်လေ့လာ ဆောင်ရွက်လျက်ရှိပါသည်။

            မိမိတို့၏လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုနှင့်အောင်မြင်မှုများကြောင့် နည်းပညာနှင့်လုပ်ငန်း အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော Myanmar National Infrastructure Company Limited မှ   အစုရှယ်ယာများဝယ်ယူလိုကြောင်း  ကမ်းလှမ်း ဆွေးနွေးခဲ့ပါသည်။ ထိုကဲ့သို့ ကမ်းလှမ်းဆွေးနွေးမှုများအရ လုပ်ငန်းနှင့် နည်းပညာကျွမ်းကျင်မှု၊ ငွေကြေးနှင့် စီးပွားရေး တွက်ချေကိုက်မှု၊ လုပ်ငန်းနယ်ပါယ်အတွင်း ယှဉ်ပြိုင်မှုတွင် အားသာချက်ရရှိနိုင်မှု စသည့် ရှုထောင့်မျိုးစုံမှ ဆန်းစစ်သုံးသပ်၍  International Group of Entrepreneur Company Limited (“IGE”) မှ ပိုင်ဆိုင်သော Future Crater Group of Company Limited ၏ အစုရှယ်ယာ ၁၀၀%   အား Myanmar National Infrastructure Company Limited သို့ ရောင်းချရန် ဆုံးဖြတ်ခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက် သဘောတူကြ၍ အစုရှယ်ယာ လွှဲပြောင်းရောင်းချခြင်းအား လုပ်ထုံးလုပ်နည်းများအရ      ၂၀၂၂ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် တရားဝင်ဆောင်ရွက် ပြီးစီးပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

 IGE


 



Admin 28 March, 2022
Share this post
Tags
Archive