IGE နှင့် ပတ်သက်၍ မဟုတ်မမှန်သည့်သတင်းများ ဖြန့်ချီနေမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
1 September, 2023 by
Admin



IGE သည် မြန်မာနိုင်ငံတွင် အရေးပါသောစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေး ၏ အဓိကကျသော ကဏ္ဍများတွင် လွန်ခဲ့သည့် (၂) နှစ်ကျော်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ပါင်လည်ပတ် ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ IGE နှင့် IGE Group ၏ Chairman ဉီးနေအောင်နှင့် မိသားစုဝင်များကိုသော်လည်းကောင်း၊      IGE နှင့် တရားဝင် ပတ်သက်မှုမရှိသော လူပု္ဂိုလ်များနှင့်ပတ်သက်သော်လည်းကောင်း၊ မှန်ကန်မှု မရှိပဲ မှားယွင်းသော သတင်းအချက်အလက်များအား သတင်းမီဒီယာအချို့တွင်  ဖြန့်ချီ(ဝေ) ထွက်ပေါ် လာသည်ကို  တွေ့ရှိရပါသည်။  IGE Group နှင့်  ၄င်းပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်း                 စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန်သော သတင်းအချက်အလက်များပါဝင်သည့် ရေးသား ဖေါ်ပြချက်များနှင့်စပ်လျဥ်း၍ IGE အနေဖြင့် ရှင်းလင်းချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု ယူဆပါသဖြင့် အောက်ဖော်ပြပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

၁။ IGE အနေဖြင့် လျှပ်စစ်ဓာတ်အား၊ စွမ်းအင်၊ အိမ်ခြံမြေ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး နှင့် ဟိုတယ်ဝန်ဆောင်မှု အစရှိသည့် ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာ ဌာနအသီးသီးတို့၏ တရားဝင် ခွင့်ပြုချက်များ၊ လိုင်စင်များ ရယူ၍ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီစု တစ်ခု ဖြစ်ပါသည်။

 

၂။ IGE  ၏  လုပ်ငန်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍  ဉီးနေအောင်  သာလျှင်  တိုက်ရိုက်ပိုင်ဆိုင်မှု ရှိပါသည်။   ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီးမိုးအောင်၊           ဉီးပြည်အောင်၊ ဒေါ်ခင်ငုရီဖြိုး တို့နှင့်  သက်ဆိုင်ခြင်း မရှိသည့်အပြင် လုံးဝ (လုံးဝ) ပိုင်ဆိုင်မှု မရှိပါ။ 

 

၃။ IGE သည် DICA တွင် တရားဝင်မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး   နိုင်ငံတကာစံချိန်စံညွှန်းများပါအတိုင်း Corporate Governance  နှင့် အညီ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ (Board of Directors) ဖြင့် ဖွဲ့စည်းထားရှိပါသည်။ လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုများအားလုံးကို သီးခြားလွတ်လပ်၍ ပွင်းလင်းမြင်သာသော အုပ်ချုပ်ရေးပိုင်းစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး တည်ဆဲဉပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်နေသော ကုမ္ပဏီစု တစ်ခု ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ IGE နှင့်ပတ်သက်သည့် သိရှိလိုသော သတင်းအချက်အလက်များကို တရားဝင် website တွင် ကြည့်ရှုနိုင်ပြီး website တွင် ဖော်ပြထားသောcorpsecretarial@igeygn.com  သို့ တိုက်ရိုက် ဆက်သွယ်၍ သိရှိလိုသည့်အချက်အလက်များနှင့် အတည်ပြုလိုသည်များကို ဆက်သွယ်အတည်ပြု ဆောင်ရွက်နိုင်ပါကြောင်းနှင့် မိမိတို့အနေနဲ့ ပွင့်လင်းမြင်သာစွာ ဖြေဆိုမှုများ ပြုလုပ်ပေးမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။

IGE နှင့်ပတ်သက်IGE ထံသို့ မေးမြန်းခြင်း၊ အတည်ပြုခြင်းမရှိဘဲ အများသူငှာ အထင်အမြင်လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန် မှားယွင်းသည့် အချက်အလက်များနှင့် သတင်းအမှားများ အား အင်တာနက်စာမျက်နှာများနှင့် သတင်းစာစောင်များပေါ်တွင် ဖေါ်ပြခြင်း၊ ထုတ်ဝေခြင်းနှင့် ဖြန့်ချီခြင်းများအတွက် မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖေါ်ပြအပ်ပါသည်။

Board of Directors 
IGE Group 


Admin 1 September, 2023
Share this post
Tags
Archive